Apex Petroleum Logo

သင့် ကားအတွက် ဘယ် အော့တိန်း (အဆင့်မြင့်ဓာတ်ဆီ) ကို သုံးသင့်သလဲ။

station2

မော်တော်ကားသုံး လောင်စာ တစ်မျိုးဖြစ်သော အော့တိန်း (အဆင့်မြင့်ဓာတ်ဆီ) ၏ အရည်အသွေးကို RON ဟူသော ယူနစ်ဖြင့် အရည်အသွေး သတ်မှတ်သည်။ RON ဆိုသည်မှာ Research Octane Number ဖြစ်ပြီး ကမ္ဘာ တစ်ဝန်း လုံးနီး ပါး တွင် RON ဖြင့် သတ်မှတ်သည်။ အော့တိန်း ကို စမ်းသပ်အင်ဂျင်ဖြင့် စစ်ဆေးပြီးနောက် RON သတ်မှတ်ခြင်း ဖြစ်သည်။ အော့တိန်းကို RON အပြင် အခြား MON (Motor Octane Number) နှင့် AKI (Anti-Knock Index) တို့ဖြင့် သတ်မှတ် သည်။ သြစတြေးလျ၊ နယူးဇီလန်နှင့် ဥရောပတိုက်တ စ်ခုလုံး အပါ အဝင် နိုင်ငံ အများစု တွင် RON သုံးပြီး ကနေဒါ၊ အမေရိ ကန်ပြည်ထောင်စု၊ ဘရာဇီးနှင့် အချို့နိုင်ငံ များတွင် RON နှင့် MON ၏ ပျမ်းမျှ ယူနစ်ကို အသုံးပြုသည်။ ထိုယူနစ်မှာ AKI ဖြစ်ပြီး တစ်ခါတစ်ရံ PON (Posted Octane Number) ဟု လည်းခေါ် သည်။ လူအများ အပြားက RON နံပါတ်မြင့်လေ အရည်အသွေး ပိုကောင်းလေ ဟု ပြော တတ်ကြသည်။ သို့သော် အမှန်တော့ RON နံပါတ်ပိုမြင့်လေ အလို အလျောက် လောင်စာဆီ လောင်ကျွမ်းမှုကို လျှော့ချနိုင်လေသာဖြစ်သည်။ ဥပမာ အနေဖြင့် RON 95 သည် RON 92 ထက် ပို၍ အင်ဂျင်တွင်း အလို အလျောက် လောင် ကျွမ်းရန်ခက်ခဲသည်။ RON နံပါတ်ပိုမြင့်သော အော့တိန်း သည် ပို၍စွမ်းဆောင်ရည်(Performance)မြင့်သော (တစ်နည်း အားဖြင့် မော် ဒယ်မြင့်သော) ပြိုင်ကား အမျိုးအစား ကဲ့သို့ မော်တော်ကားများ အတွက် ထုတ် လုပ်ခြင်း ဖြစ်သည်။ Knocking ဟုခေါ်သော ကား အင်ဂျင်အတွင်း အလို အလျောက် ဆီ လောင် ကျွမ်းမှုကို ကာကွယ်ရန်ဖြစ်သည်။ Knocking သည် ကား၏ စွမ်းဆောင်ရည်ကို ကျ ဆင်းစေသည်။ မိမိကားနှင့်သင့်လျော်သော အော့တိန်း (အဆင့်မြင့် ဓာတ်ဆီ) အသုံးပြုခြင်းသည် ကား အတွက် အကျိုး အရှိဆုံးနှင့် စွမ်းဆောင် ရည်အကောင်း ဆုံးဖြစ်စေသည်။ RON 92 ဆီသည် ကားဟောင်း များ အတွက်သာ သုံးသင့်ပြီး အင်ဂျင်ကို ညစ်ပတ်စေ သည် ဟု အများစုက သတ်မှတ်ထားသည်။ သို့သော် RON နံပါတ်မြင့်ခြင်းသည် ပို၍ အရည် အသွေးကောင်းမွန် သည် ဆို ခြင်းထက် အလို အလျောက်ဆီ လောင်ကျွမ်း ရန်ခက်ခဲခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုပါသည်။