Apex Petroleum Logo

Apex Petroleum Co,. Ltd ၏ Managing Director ဦးပြည့်ဖြိုးတေဇ မွေးနေ့အလှူအဖြစ် သင်္ခရိုင်မိဘမဲ့မေတ္တာရိပ် ပရဟိတဂေဟာသို့ ငွေကျပ်(၂၉)သိန်း လှူဒါန်း

bday

Apex Petroleum Co,. Ltd ၏ Managing Director ဦးပြည့်ဖြိုးတေဇသည် မွေးနေ့ အထိမ်းအမှတ်အလှူအဖြစ် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ သင်္ခရိုင်ကျေးရွာတွင် တည်ရှိသော သင်္ခရိုင်ဘုန်းတော်ကြီးသင် မိဘမဲ့မေတ္တာရိပ် ပရဟိတဂေဟာသို့ ငွေကျပ်(၂၉)သိန်း လှူဒါန်းခဲ့ပါသည်။ ထို့ပြင် အဆိုပါကျောင်းရှိ ကလေးငယ် ၂၂၆ ဦးအတွက် အ၀တ်အစား အသုံးအဆောင်များနှင့် နေ့လည်စာ ဒံပေါက်၊ အအေးများလည်း ကျွေးမွေးခဲ့သည်။ ကြို့ပင်ကောက်မြို့မှ ၁၅ မိုင်ကျော် ဝေးကွာပြီး သွားလာရ ခက်ခဲလွန်းသည့် အတွက် အလှူရှင်များ လာရောက်မှု နည်းပါသည့် သင်္ခရိုင်မိဘမဲ့ ဂေဟာသို့ ဦးပြည့်ဖြိုးတေဇ ကိုယ်တိုင် လာရောက် လှူဒါန်းသည့် အတွက် အလွန်ဝမ်းမြောက် ကြည်နူးမိပါကြောင်း ကျောင်းအကျိုးတော်ဆောင် ဦးကောက်ကောက်က ဆိုသည်။ “ ဒီကျောင်းလေးက ဝေးလံလွန်းလို့ ကျွန်တော်တို့လို ဒေသခံတွေတောင် တစ်လ တစ်ခေါက်လောက်ပဲ ရောက်ဖြစ်ပါတယ်။ အရမ်း ၀မ်းသာတယ်ဗျာ။ ဝေးလံပြီး သွားလမ်းလာလမ်း ခက်ခဲပေမယ့် ရောက်အောင်လာတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ ဒီက ကလေးတွေ အတွက်လည်း ကြည်နူးဝမ်းသာရပါတယ်” လှူဒါန်းမှုအစုစုအား လက်ခံရယူပြီး ရေစက်သွန်းချတရား ဟောကြားပေးခဲ့သည့် ဆရာတော် ဦးကောဝိဒကလည်း ယခု အလှူအတွက် သာဓုခေါ်ဆိုခဲ့ပြီး ကလေးငယ်များအတွက် ယခုကဲ့သို့ ဝေးလံသည့် နေရာထိ ခက်ခက်ခဲခဲ လာရော က်လှူဒါန်းပေးခဲ့မှုအတွက် ၀မ်းမြောက်စကား ဆိုခဲ့သည်။ သင်္ခရိုင်မေတ္တာရိပ် ပရဟိတဂေဟာကို ဆရာတော် ဦးသုမနက ၂၀၁၁ ခုနှစ် ဇူလိုင်လက စတင် ထူထောင်ခဲ့ခြင်း ဖြစ်သည်။ ဂေဟာ ထူထောင်ကာစက ကလေးငယ် (၅၀)ဦးဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် မိဘမဲ့ကလေးငယ်(၁၂၆)ဦး၊ ပြင်ပကလေးငယ် (၁၀၀)ဦး စုစုပေါင်း ကလေးငယ် (၂၂၆)ဦးကို ပြုစုစောင့်ရှောက်ကာ စာပေပညာများ သင်ကြားပေးလျက် ရှိပါသည်။