Apex Petroleum Logo

ဘလုတ်ညွန် ကျေးရွာ မီးဘေးသင့် ပြည်သူ များ ကို လူမှုရေး အကူအညီများပေးအပ်

kyimyintitine

Apex Petroulem Co.,Ltd သည် ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ ဘလုတ်ညွန် ကျေးရွာ အိမ်ခြေ ၁၆ဝ ကျော်၊ အိမ်ထောင်စု ၂၀၀ ကျော် ၏ မီးဘေးသင့် ပြည်သူ များ ကို လူမှုရေး အကူအညီ အဖြစ် နံနက် ၁၀နာရီ အချိန်တွင် စားသောက် ကုန်များ နှင့် အိုးအိမ် ပြန်လည် ထူထောင်ရေး ငွေကြေး ပံ့ပိုးမှုများကို Managing Director ဦးပြည့်ဖြိုးတေဇ ဦးဆောင်၍ ၀န်ထမ်း မိသားစုများက သွားရောက် လှူဒါန်းမှု ပြုလုပ်ခဲ့သည်။ Apex Petroulem သည် ဘလုတ်ရွာ မီးဘေးသင့် ပြည်သူများ အိုးအိမ် ပြန်လည် ထူထောင်ရေးအတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် တစ်သောင်းခွဲ၊ ခေါက်ဆွဲခြောက် တစ်ဖာ၊ ရေသန့် ၆လုံး တစ်ဆွဲ တို့ကို လှူဒါန်းခဲ့သည်။ ထို့နောက် မီးဘေးသင့် ပြည်သူများကို စေတနာထား၍ ကယ်ဆယ်ရေး လုပ်ငန်းများ ကူညီလုပ်ဆောင်ပေးနေသည့် ခါတော်မီ ကျောင်းတိုင် ဆရာတော်အားလည်း ၀တ္ထူငွေများ လှူဒါန်းခဲ့သည်။ အဆိုပါ မီးလောင်မှုမှာ ပြီးခဲ့သောဖေဖော်ဝါရီ ၁၆ ရက် ည ၇ နာရီခန့်တွင် ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းရှိ ဘလုတ်ညွန့်ရပ်ကွက်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အိမ်ခြေ ၁၆ဝ ကျော် ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။ မီးလောင်မှုဖြစ်စဉ်သို့ မီးသတ်ယာဉ် ၃ဝ ကျော်နှင့် Fire Boat ငါးစီး လာရောက် မီးငြိမ်းသတ်ခဲ့ပြီး ကနဦး သတင်းထုတ်ပြန်ချက်အရ မီးလောင်အဆင့် (၄) သတ်မှတ်ခဲ့ပြီး တိုင်းအဆင့်မှ လာရောက်ငြိမ်းသတ်ခဲ့ရကာ ည ၁ဝ နာရီခန့်တွင် မီးညွန့် ထိန်းနိုင်ခဲ့ကြောင်း သိရသည်။ အလားတူ ထူးဖောင်ဒေးရှင်းနှင့် ထူးကုမ္ပဏီများအုပ်စုမှ စုပေါင်း၍ ဘလုတ်ညွှန့်ရပ်ကွက် မီးဘေးသင့်ပြည်သူများအား ကူညီ ထောက်ပံ့ငွေ စုစုပေါင်း (၁၁၉)သိန်းကျော်နှင့် အထောက်အပံ့ပစ္စည်းများ လှူဒါန်းခဲ့သည်။