Apex Petroleum Company Limited ကို ကုလသမဂ္ဂ၏ Global Compact က အဖွဲ့ဝင်အဖြစ် နိုဝင်ဘာလ ၃ ရက်နေ့ တွင် လက်ခံ လိုက်သည်။ Global Compact သည် နိုင်ငံပေါင်း ၁၃၅ နိုင်ငံမှ စီးပွားရေး လုပ်ငန်းနှင့် စီးပွားဖြစ် မဟုတ်သောအဖွဲ့အစည်းပေါင်း ၈၀၀၀ ကျော်ပါဝင်သည့် ကမ္ဘာ့အကြီးဆုံး ပူးပေါင်းဆောင်ရွက် လှုပ်ရှားမှု တစ်ခုဖြစ်သည်။ Apex Petroleum အနေဖြင့် UN Global Compact တွင် အဖွဲ့ဝင်ခဲ့ပြီးနောက် Global Compact Global Compact ၏ မူဝါဒ(၁၀)ချက်တို့မှာလည်း Apex ၏ လုပ်ငန်း ခွဲများနှင့် လုပ်ငန်း လည်ပတ်မှု ကဏ္ဍတွင် တစ်စိတ် တစ်ပိုင်း ပါဝင် လာပြီဖြစ် သောကြောင့် စီးပွားရေး လုပ်ငန်းဆောင် ရွက်မှုများကို အပြောင်း အလဲဖြင့် စတင်နေပြီဟု ယူဆကြောင်း Global Compact က ပြောကြားခဲ့သည်။ UN Global Compact နှင့် မူဝါဒ(၁၀)ချက် တို့ကို ဆယ်သွယ်ရေး လမ်းကြောင်း များကို အသုံးပြု၍ ထောက်ခံ အားပေးခြင်း၊ မူဝါဒ(၁၀) ချက်ဖော်ဆောင်ရေး အတွက် နှစ်စဉ် Stakeholder များနှင့် ဆက်သွယ်ခြင်း တို့အပြင် COP ဟုခေါ်သော မိမိတို့ ဆောင်ရွက်ထားသော တိုးတက်မှု လုပ်ငန်းများ အကြောင်း ကို Global Compact ဝက်ဘ်ဆိုက်ပေါ်တွင် Apex Petroleum အနေဖြင့် ရှင်း လင်းဖော်ပြ သွားမည်ဖြစ်သည်။ Apex Petroleum ၏ CEO ထံ Global Compact ၏ အမှုဆောင် ဒါရိုက်တာဂျော့ဂ်ျကဲလ်ရေး သားပေး ပို့သောစာတွင် Global Compact အဖွဲ့ဝင်အဖြစ် ဆုံးဖြတ်ခဲ့ခြင်းကို အထူး အားပေးထောက် ခံကြောင်း ပါရှိသည်။ ထို့အပြင် လူ့အဖွဲ့အ စည်းအတွက် အဓိပ္ပာယ် ရှိသော အပြောင်းအလဲ ယူဆောင် လာပြီး နေ့စဉ် လုပ်ငန်းလည် ပတ်ဆောင်ရွက်နေ မှုများအတွင်း တာဝန် ယူမှုရှိသော လုပ်ရပ်များ ဖော်ဆောင်၍ ရလဒ်ကောင်း များဖော်ထုတ်ပြ သရန်လည်း ဂျော့ဂ်ျကဲလ်က တိုက်တွန်းထား သည်။ Global Compact တွင် ရည်မှန်းချက်နှစ် ရပ်ရှိသည်။ ၄င်းတို့မှာ Global Compact အဖွဲ့ဝင်များအတွက် ချမှတ်ထားသော မူဝါဒ(၁၀)ချက်နှင့် အညီ မိမိတို့ လုပ်ငန်း၏ ဗျူဟာ၊ မူဝါဒနှင့် လုပ်ငန်းဆောင် ရွက်မှုတို့ကို ဆောင်ရွက်ရေးနှင့် ကုလ သမဂ္ဂ ၏ ပို၍ ကျယ်ပြန့်သောဖွံ့ဖြိုးရေး အစီအစဉ်များ၊ အထူး သဖြင့် ထောင် စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ကို စီမံကိန်း တည်၍ ဆောင် ရွက်ရေးတို့ဖြစ်သည်။ Global Compact ၏ မူဝါဒ(၁၀)ချက်တွင် လူ့အခွင့်အရေး၊ အလုပ်သမားစံနှုန်း၊ သဘာဝပတ်ဝန်းကျင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတို့နှင့်ပတ်သက်သော မူများချမှတ်ရေးသားထားသည်။ Global Compact သည် လူ့အခွင့်အရေး၊ အလုပ် သမားစံနှုန်း၊ သဘာဝပတ်ဝန်းကျင်နှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို လိုက်နာဆောင်ရွက်သော လုပ်ငန်း၊ အဖွဲ့အစည်းများကို အဖွဲ့ဝင် အဖြစ် လက်ခံပြီးနောက် Global Compact လိုဂို အသုံးပြုခွင့်ပေးလျက်ရှိသည်။ ယင်း သည် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေရင်း လူမှုရေး တာဝန် သိတတ် မှုများ(CSR) ကိုပါ တစ်ပါတည်း ဆောင်ရွက် နေသော အဖွဲ့ဝင်များ ကို Global Compact က ပြန်လည်အကျိုးပြုခြင်းဖြစ်သည်။ Global Compact လိုဂို သုံးစွဲခွင့် ရှိသော လုပ်ငန်း၊ အဖွဲ့အစည်းများသည် ဂုဏ်သိက္ခာရှိသော လုပ်ငန်း၊ အဖွဲ့ အစည်း တစ်ခုအဖြစ် ရပ်တည်နိုင်ပြီး မိမိလုပ်ငန်းကို နိုင် ငံတကာကပါ ယုံကြည် မှုရှိ လာစေသည့် အကျိုးသက်ရောက် မှုများရှိသည်။