Apex Petroleum ၏ Managing Director ဦးပြည့်ဖြိုးတေဇသည် စက်တင် ဘာလ ၂၅ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောခွဲ စိတ်ကု သဌာနမှ အကူအညီ လိုအပ်နေသော ကလေး လူနာနှစ်ဦးတို့ကို လူသားချင်း စာနာထောက် ထားသော အကူအညီ အနေဖြင့် တစ်ဦးလျှင် အလှူငွေ ငါးသိန်း ကျပ်စီနှင့် စုစုပေါင်း ကျပ် ၁၀ သိန်း ခန့်လှူဒါန်းခဲ့သည်။ ဦးခေါင်းတွင် ရေအိတ်တည်သည့်ရောဂါ Hydrocephalus ခံစားနေရသော ငါးလ သမီးလေး မအေး ချမ်းမွန်သည် အရေးပေါ် ခွဲစိတ်ကုသရန် အကူအညီ လို အပ်နေပြီး ယာဉ် တိုက်ခံရ၍ Subdural Haemorrhage ဦးနှောက် အတွင်း သွေးယိုခြင်း ရောဂါ ခံစားနေရသော ကိုးနှစ် အရွယ် မောင်စောထူး ဟန်တို့ အတွက် လိုအပ်သည့် ဆေးဝါးကုသရေး ကုန်ကျ စရိတ်နှင့် ပြု စုစောင့်ရှောက်ရေး စရိတ်များအတွက် ထောက်ပံ လှူဒါန်းခဲ့သည်။ မအေး ချမ်းမွန်၏ အုပ်ထိန်းသူမိဘများမှာ ကလေး၏ ဦးခေါင်း အတွင်းမှ ရေအိတ် ကို ခွဲစိတ်ကုသရန် ကုန်ကျမည့် ပိုက်ဖိုး အပါအဝင် ငွေကျပ်တစ် သိန်းခွဲခန့် အကူ အညီ လိုအပ်လျက်ရှိပြီး မောင်စောထူးဟန်မှာလည်း ယာဉ်မတော်တဆ တိုက် မှုဖြစ် ပွားပြီးနောက် ဆေးကုသရန် ကုန်ကျ စရိတ် အတွက် အခက် အခဲ ဖြစ် ပွားနေချိန်တွင် ဦးပြည့်ဖြိုးတေဇ ဦးဆောင်လျက် သွားရောက်လှူဒါန်း ခဲ့ခြင်းဖြစ် သည်။ ထို့နောက် ဦးပြည့်ဖြိုးတေဇသည့် ကလေးငယ် နှစ်ဦးအတွက် Teddy Bear (၀က်ဝံ) ရုပ်လေးများကိုလည်း ပေးအပ်ခဲ့သည်။ “ကလေးအသက်က ကိုးနှစ်လောက်ရှိပြီ။ သားလေးကိုကားနဲ့ တိုက်မိတဲ့ လူက လည်း ငွေကြေးချို့တဲ့ တဲ့လူပဲဆိုတော့ ဆေးကုသ စရိတ် မပေးနိုင်ဘူး။ တရား ဥပဒေ အရ အပြစ်ပေးတာကိုပဲ ခံယူမယ်လို့ ပြောတယ်” ဟု မောင်စောထူးဟန်၏ အုပ်ထိန်း သူများက ပြောကြားခဲ့သည်။ ထို့အတူ အရွယ် မရောက်သေးသော ကလေးငယ်နှစ်ဦး၏ မိဘများက အလှူငွေ ကို လက်ခံရယူခဲ့ပြီးနောက် ကျေးဇူး တင်စကားပြောကြား ခဲ့သည်။ မိမိတို့ ဘက်မှ လှူဒါန်း ခွင့် ရရှိခဲ့သည့် အတွက် လည်း ဆေးရုံမှတာဝန်ရှိ ဆရာဝန် များ အား ကျေး ဇူး တင်ရှိကြောင်းနှင့် မိမိသည် နိုင်ငံသား တစ်ယောက် အနေဖြင့် ပြည်သူ့ ကျန်းမာရေး ကဏ္ဍတွင် တတ်နိုင်သလောက် ပံ့ပိုး ကူညီမှုများ လည်း ဆက်လက် လုပ်ဆောင်သွားရန် အစီအစဉ် ရှိကြောင်း၊ နောက်များ တွင်လည်း အခါအားလျော်စွာ အရေးပေါ် အခြေအနေကြောင့် ဆေးဝါးကုသရန် အခက်အခဲ ရှိနေသူများကို လက်လှမ်း မီသလောက် ကူညီလှူဒါန်း သွား မည်ဖြစ်ကြောင်း ဦးပြည့်ဖြိုးတေဇက ပြန်လည် ပြောကြားခဲ့သည်။ ဆေးရုံ တာဝန်ရှိသူ တစ်ဦးကလည်း မိမိတို့ ဆေးရုံအနေဖြင့် ဆင်းရဲချို့တဲ့ သူများ ကို ဆေးဝါး၊ ဆေးကုသခြင်းတို့ကို တတ်နိုင်သလောက် အခမဲ့ အနေ အထား ရောက် သည် အထိ ကုသ ဆောင် ရွက် ပေးနေပါကြောင်း၊ သို့သော် လူနာရှင် များ၏ အစားအသောက် အလုံးစုံသော လိုအပ်ချက် များကို ဖြည့် ဆည်းပေးနိုင်ခြင်း မရှိသေးကြောင်း ဆေးရုံ၏ လက်ရှိ အနေအထားကို ရှင်း လင်း ပြောကြားခဲ့ သည်။ ဦးခေါင်းတွင် ရေအိတ်တည်သည့်ရောဂါ Hydrocephalus ခံစားနေရသော ငါးလ သမီးလေး မအေး ချမ်းမွန်သည် လာမည့် ရက်သတ္တပတ်တွင် ခွဲစိတ် ကုသမှု ခံယူမည် ဖြစ်ကြောင်း သိရှိရသည်။