Apex Petroleum Logo

ခွဲစိတ်ကုသမည့် ကလေးငယ် ၅ဦးအား ဦးပြည့်ဖြိုးတေဇ ငွေကြေးထောက်ပံ့

donate2

Apex Petroleum Co., Ltd ၏ Managing Director ဦးပြည့်ဖြိုးတေဇသည် မန္တလေး ပြည်သူ့ ဆေးရုံ တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနေ၍ ခွဲစိတ်ကုသမှု ခံယူမည့် ကလေးငယ် ၅ဦးအတွက် အလှူငွေ ကျပ် ၅သိန်းကို Online ပရဟိတ Family အဖွဲ့သို့ လှူ ဒါန်းခဲ့သည်။ ထို့အပြင် အဆိုပါ ကလေးငယ်များအတွက် အမှတ်တရ ၀က်ဝံရုပ်များကိုလည်း ဦးပြည့်ဖြိုးတေဇ ကိုယ်စား မန္တလေး တာဝန်ခံက ပေးအပ်ခဲ့သည်။ ထို့နောက် အဆိုပါ ကလေးငယ်များ မန္တလေးမြို့ တွင် ခွဲစိတ်စဉ် လိုအပ်မည့် အကူအညီ များလည်း ပေးအပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Online ပရဟိတ Family မှ တာဝန်ရှိသူ တစ်ဦး ကလည်း ကလေးငယ်များ အနေဖြင့် အရုပ်များ ရရှိ ၍ ပျော်နေကြကြောင်း၊ သူတို့ ပျော်နေ တာ တွေ့ရ၍ လည်းဝမ်းသာ ရကြောင်း၊ ကလေးငယ်များ အတွက် ကိုယ်ချင်းစာ၍ လှူတန်းပေးခြင်းကိုလည်း Online ပရဟိတ Family မှအထူးကျေးဇူးတင် ပါကြောင်း ပြောဆိုခဲ့သည်။