Apex Petroleum ၏ Managing Director ဦးပြည့်ဖြိုးတေဇ၊ Director ဦးကျော် စိုးဝင်းနှင့် Executive Director ဦးမင်းဆွေဦးတို့သည် UN Global Compact Network Myanmar အဖွဲ့ဝင်များနှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ တွေ့ဆုံ့ဆွေးနွေး ပွဲသို့ တက်ရောက် ခဲ့ကြသည်။ အဆိုပါ အခမ်းအနားကို နိုဝင်ဘာလ (၁၂) ရက် (ယနေ့) နေ့လည် (၁၁)နာရီ တွင် နေပြည်တော်၊ သမ္မတ ရုံးအမှတ် (၁၈)၌ ကျင်းပ ပြုလုပ်ခဲ့သည်။ ၎င်း အခမ်းအနားတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန် ကီမွန်း နှင့် နိုင်ငံတော် သမ္မတရုံး၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ နိုင်ငံတော် သမ္မတ စီးပွားရေး အကြံပေး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၊ UMFCCI မှ တာဝန် ရှိသူများ၊ UN Global Compact Network Myanmar အဖွဲ့ဝင်များ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။